ရေသူမလေး Lara
Goodbye Lara လူတိုင်းလိုလိုနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ရေသူမလေးကာတွန်း The Little Mermaid ကားကို reimagine ပြန်လုပ်ထားတဲ့ anime ပါ။ ရေသူမလေးနာမည်ကတော့ Lara ဖြစ်သွားပြီပေါ့။ ဇာတ်လမ်းအစကတော့ Little Mermaid လိုပဲ၊ ရေသူမမင်းသမီးလေးက လူသားမင်းသားလေးကို တွေ့မိပြီးကြိုက်သွားတယ်။ အဲ့တာနဲ့စုန်းမပေးတဲ့ လူသားဖြစ်မယ့်ဆေးရေသောက်ပြီး အချစ်စစ်ရှာဖို့ ပင်လယ်ထဲကနေ လူသားကမ္ဘာပေါ်တက်လာခဲ့ပြီး မင်းသားနဲ့တွေ့တာပေါ့။ အဲ့ဒီလောက်ထိပဲ ကာတွန်းနဲ့တူပြီး anime ထဲမှာကျတော့ မင်းသားက မင်းသမီး ရေသူမဖြစ်ကြောင်းသိသွားတော့ ဒေါကန်ပြီး တွန်းထုတ်လိုက်တယ်။ အဲ့တာကြောင့် နေရာမှာပင် ရေသူမလေးက ရေအမြှုပ်အဖြစ်ပြောင်းသွားပြီး သေသွားတယ်။ ဖြစ်ချင်တော့ ရေသူမတွေက တကယ်မသေတတ်ဘူး၊ ပြန်လည်အိပ်စက်သွားသလိုမျိုးပဲရှိတာ။ ဆိုတော့ ရေသူမလေးကနှစ်ပေါင်းများစွာကြာပြီးတဲ့နောက် အိမ်ပင်လယ်နန်းတော်ထဲမှာ ပြန်လည်နိုးထလာတယ်ပေါ့။ အချိန်ကတော့ ၂၀၂၆ ဖြစ်နေပြီ။ နန်းတော်တစ်ခုလုံးကလဲပျက်စီးနေပြီး ဘယ်သူ့မှမရှိတော့ဘူး။ စုန်းမပဲပြန်ပေါ်လာပြီး အရင်အတိုင်းပြန်ဖြစ်ချင်ရင် လူ့လောကပြန်သွားပြီး အချစ်စစ်ရှာ၊ အဲ့တာကနေရမယ့် အလင်း ကိုပြန်ယူလာရင်ရမယ့်လို့ပြောလိုက်တယ်။ ရေသူမလေးလဲ နောက်တစ်ခေါက်လူ့လောက သွားပြန်တယ်။ ဒီတစ်ခေါက်မှာတော့ မင်းသားလေးနဲ့ မတွေ့ပဲ၊ လက်ဝှေ့မယ် ဂျပန်ကျောင်းသူမလေးတစ်ယောက်နဲ့တွေ့တာပေါ့။ ...