ဒီ Winter 2026 ကတော့ Frieren တို့လိုမျိုး၊ ဒုတိယ season နဲ့ကားကောင်းတွေ ပြန်လာတဲ့ရာသီပါ။ အဲ့တာတွေအပြင် အသစ်ထွက်တဲ့ကားကောင်းတွေအများကြီးလည်း တွေ့မိပါတယ်။ အဲ့ထဲမှာမှ နာမည်ကြည့်ပြီး fantasy anime ထင်ပြီးကြည့်မိတဲ့ “Journal with Witch” ဆိုတဲ့ Josei drama ကိုတော်တော်လည်းကြိုက်နေမိပါတယ်။

ဇာတ်လမ်းက အသက် ၁၅နှစ်အရွယ်ကောင်မလေးတစ်ယောက် မိဘတွေဆုံးရှုံးလိုက်ရတယ်။ ရုတ်တရက် ဆုံးသွားတာဆိုတော့ ဝမ်းနည်းတာတွေ မဖြစ်သေးဖူး။ သူ့အဒေါ်က အဲ့တာက မထူးဆန်းဖူးပေါ့၊ အချိန်နဲ့အမျှ တစ်ဖြေးဖြေးဖြစ်လာမှာပေါ့ဆိုပြီး ပြောတယ်။ အဲ့လိုကနေပြီးတော့ အသက် ၃၀ကျော် တစ်ယောက်ထဲနေနေတဲ့ စာရေးဆရာမဖြစ်သူ အဒေါ်နဲ့ ကောင်မလေးက လိုက်နေဖြစ်သွားတယ်။ သူ့အဒေါ်နဲ့ အတူတူနေရင်း မိဘတွေဆုံးရှုံးသွားရတဲ့ ခံစားချက်တစ်ဖြေးဖြေးရလာတဲ့ ဒရာမာဆန်ဆန်နဲ့ ဆွေးဆွေးလေးကို အဒေါ်နေရာကနေပြီးတော့ ကြည့်ရမှာ။

ဒီမှာပိုကောင်းတာက Josei ဆိုတော့ စကားပြောတွေက သဘာဝဆန်တယ်။ အပိုင်း ၂ပိုင်းပဲထွက်သေးပေမယ့် ပါလာတဲ့ character တိုင်းက over မဖြစ်ဘူး။ Episode တိုင်းလို directing နဲ့ music ကလည်း တော်တော်လေးကောင်းတယ်။