Betrothed to My Sister’s Ex
ခေါင်းစဥ်နဲ့ anime poster ကြည့်ပြီး တွေးလိုက်မယ်ဆိုရင်တော့ ဒီဟာက တွေ့နေကျ villainess/otome anime တစ်ခု၊ မင်းသမီးကို ကိုယ့်တိုင်းပြည်က မင်းသားကကန်ထုတ်လိုက်၊ ပြီးတော့နောက်တစ်နိုင်ငံရောက် မင်းသားနဲ့တွေ့ကြိုက် anime လိုပဲလို့ ထင်စရာရှိပါတယ်။ အမှန်လည်း ဒီဇာတ်လမ်းကလည်း အဲ့ဒီလိုပါပဲ။
ဇာတ်လိုက်မင်းသမီး Marie က အိမ်မှာ အခိုင်းအစေလို နေရတယ်။ တစ်နေ့မှာ နောက်တစ်နိုင်ငံမြို့စားက ဇာတ်လိုက်မင်းသမီးကို မွေးနေ့ပွဲမှာ တွေ့မိပြီး ကြိုက်သွားလေရော။ လက်ထပ်လိုကြောင်းစာပို့တော့ မင်းသမီးနာမည်မမေးလိုက်ရတဲ့အတွက် သူ့အမဖြစ်သူ နာမည်နဲ့မှားပို့မိလိုက်ရော။ အကြောင်းဖန်ချင််တော့ အစ်မဖြစ်သူက အသွားလမ်းမှာမတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးသွားတယ်။ မင်းသမီးမိဘတွေက တင်တောင်းတဲ့လက်ဆောင်တွေယူထားပြီးပြီဆိုတော့ ဇာတ်လိုက်မင်းသမီးကို အစားထိုး တစ်ညသာသွားဖော်ဖြေပေးဖို့ လွှတ်လိုက်တာကနေ စတာပေါ့။
နောက်ပိုင်း ဇာတ်လမ်းတွေကတော့ တစ်ခြား otome anime တွေလိုပဲ ဇာတ်လိုက်မင်းသမီးကို မင်းသမီးတစ်ရောက်လို ပြုစုမြှောက်စားကျတာပေါ့။ မတူတာက character execution နဲ့ development ပဲ။ Marie က သူ့အိမ်မှာ အခိုင်းအစေလို နေခဲ့ရတယ်၊ သူ့ကိုသူမလှဘူးလို့ နှိမ်ချခံထားခဲ့ရတယ်။ တစ်နိုင်ငံရောက်ပြီး မင်းသားနဲ့တွေ့ကြိုက်မဟုတ်ဘူး။ သူ့ကိုသူ သူ့အစ်မအစားထိုးလို့ ခံယူထားတာ။ အဲ့လိုတွေကြောင့်လည်း သူ့ကိုလှတယ်လို့ လာပြောရင်လက်မခံနိုင်ဘူး။ နောက်ပိုင်းကျမှ တစ်ဖြေးဖြေး သူအိမ်မှာ အနိုင်ကျင့်ခံနေခဲ့ရမှန်း၊ မင်းသားအမေနဲ့တွေ့ပြီး စကားပြော ငိုတာတွေဖြစ်လာပြီးမှ character တစ်ဖြေးဖြေး develop ဖြစ်လာတာကြည့်လို့ကောင်းတယ်။ အဲ့လို develop ဖြစ်လာတဲ့နဲ့အမျှ မင်းသားနဲ့ ro တာတွေလည်း တစ်ဖြေးဖြေး ပိုများလာပြီး မင်းသားက သူ့ကို ကြိုက်နေတာဖြစ်ကြောင်း၊ သူဟာ သူ့အစ်မ အစားထိုးမဟုတ်ကြောင်းတွေကို လက်ခံလာနိုင်ခဲ့တယ်။
ဇာတ်လမ်းကလည်း အသစ်အဆန်းကြီးတော့ မဟုတ်ပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ plot တွေဘာတွေလည်းပါတယ်။ Animation ကတော့ ကောင်းတဲ့အထဲမှာပါတယ်၊ action အခန်းတွေဆိုရင်လည်း slideshow တွေမဟုတ်ဘူး။ Soundtrack တွေလည်းကောင်းပြီး သုံးတဲ့အခန်းနေရာလည်းမှန်တဲ့အတွက် ပိုထိမိတယ်။ Josei romance ကြိုက်တဲ့သူများအတွက် recommend ပေးပါတယ်။
