Milky Subway The Galaxy Limited Express
Lemmy က c/anime မှာရှယ်ထားလို့တွေ့မိတဲ့ indie Japanese animation နောက်တစ်ခုပါ။ အပိုင်း ၁၂ ပိုင်းရှိပြီး တစ်ပိုင်းမှ ၃ မိနစ်လောက်ပဲရှည်တာမလို့ စုစုပေါင်းကြာချိန်က ပုံမှန် anime တစ်ပိုင်းလောက်ပဲ ကြာပါတယ်။ Website မှာဖော်ပြထားတာကတော့ ၂၀၂၂ လောက်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကျောင်းသား Yohei Kameyama ရဲ့ တစ်ကိုယ်တော် 3d animation ဖြစ်တဲ့ Milky☆Highway ရဲ့အဆက်ပါ။ ဇာတ်လမ်းကတော့ Super human Chiharu နဲ့ သူငယ်ချင်း Makina တို့နှစ်ယောက် အာကာသဥပဒေချိုးဖောက်လို့ဖမ်းခံရပြီးနောက် အခြားဖမ်းခံရသူ ၄ ယောက်နဲ့အတူ အများအကျိုးဆောင်ရမယ့်ပြစ်ဒဏ်ချခံရတယ်။ အဲ့လိုနဲ့ ရထားသန့်ရှင်းရေးလုပ်နေရာကနေ ရုတ်တရက်ရထားထွက်သွားလို့ သူတို့ ၆ ယောက်ရထားပေါ်မှာ ဘယ်လို အကွဲအပြဲတွေလုပ်မှာလဲ ကြည့်ရမှာ။ မူရင်း ဂျပန်ဘာသာ အပါအဝင် နောက်ထပ်ဘာသာပေါင်း ၁၀ မျိုးနဲ့ dub လုပ်ထားပါတယ်။ Anime လောကမှာ နာမည်ရထားတဲ့ seiyuu တွေကလည်းပါဝင်ထားပါတယ်။ နာရီဝက် လောက်ပဲကြာပြီး YouTube မှာကြည့်လို့ရတာမလို့ indie animation စိတ်ဝင်စားရင် သွားကြည့်ပါလို့။ ...
ကိုယ့်အတွက် Summer 2025 season ရဲ့ hidden gem anime တစ်ခု
Betrothed to My Sister’s Ex ခေါင်းစဥ်နဲ့ anime poster ကြည့်ပြီး တွေးလိုက်မယ်ဆိုရင်တော့ ဒီဟာက တွေ့နေကျ villainess/otome anime တစ်ခု၊ မင်းသမီးကို ကိုယ့်တိုင်းပြည်က မင်းသားကကန်ထုတ်လိုက်၊ ပြီးတော့နောက်တစ်နိုင်ငံရောက် မင်းသားနဲ့တွေ့ကြိုက် anime လိုပဲလို့ ထင်စရာရှိပါတယ်။ အမှန်လည်း ဒီဇာတ်လမ်းကလည်း အဲ့ဒီလိုပါပဲ။ ဇာတ်လိုက်မင်းသမီး Marie က အိမ်မှာ အခိုင်းအစေလို နေရတယ်။ တစ်နေ့မှာ နောက်တစ်နိုင်ငံမြို့စားက ဇာတ်လိုက်မင်းသမီးကို မွေးနေ့ပွဲမှာ တွေ့မိပြီး ကြိုက်သွားလေရော။ လက်ထပ်လိုကြောင်းစာပို့တော့ မင်းသမီးနာမည်မမေးလိုက်ရတဲ့အတွက် သူ့အမဖြစ်သူ နာမည်နဲ့မှားပို့မိလိုက်ရော။ အကြောင်းဖန်ချင််တော့ အစ်မဖြစ်သူက အသွားလမ်းမှာမတော်တဆဖြစ်ပြီး အသက်ဆုံးရှုံးသွားတယ်။ မင်းသမီးမိဘတွေက တင်တောင်းတဲ့လက်ဆောင်တွေယူထားပြီးပြီဆိုတော့ ဇာတ်လိုက်မင်းသမီးကို အစားထိုး တစ်ညသာသွားဖော်ဖြေပေးဖို့ လွှတ်လိုက်တာကနေ စတာပေါ့။ နောက်ပိုင်း ဇာတ်လမ်းတွေကတော့ တစ်ခြား otome anime တွေလိုပဲ ဇာတ်လိုက်မင်းသမီးကို မင်းသမီးတစ်ရောက်လို ပြုစုမြှောက်စားကျတာပေါ့။ မတူတာက character execution နဲ့ development ပဲ။ Marie က သူ့အိမ်မှာ အခိုင်းအစေလို နေခဲ့ရတယ်၊ သူ့ကိုသူမလှဘူးလို့ နှိမ်ချခံထားခဲ့ရတယ်။ တစ်နိုင်ငံရောက်ပြီး မင်းသားနဲ့တွေ့ကြိုက်မဟုတ်ဘူး။ သူ့ကိုသူ သူ့အစ်မအစားထိုးလို့ ခံယူထားတာ။ အဲ့လိုတွေကြောင့်လည်း သူ့ကိုလှတယ်လို့ လာပြောရင်လက်မခံနိုင်ဘူး။ နောက်ပိုင်းကျမှ တစ်ဖြေးဖြေး သူအိမ်မှာ အနိုင်ကျင့်ခံနေခဲ့ရမှန်း၊ မင်းသားအမေနဲ့တွေ့ပြီး စကားပြော ငိုတာတွေဖြစ်လာပြီးမှ character တစ်ဖြေးဖြေး develop ဖြစ်လာတာကြည့်လို့ကောင်းတယ်။ အဲ့လို develop ဖြစ်လာတဲ့နဲ့အမျှ မင်းသားနဲ့ ro တာတွေလည်း တစ်ဖြေးဖြေး ပိုများလာပြီး မင်းသားက သူ့ကို ကြိုက်နေတာဖြစ်ကြောင်း၊ သူဟာ သူ့အစ်မ အစားထိုးမဟုတ်ကြောင်းတွေကို လက်ခံလာနိုင်ခဲ့တယ်။ ...
အရွေ့အပြောင်း
နိုင်ငံတကာ အထူးသဖြင့် အမေရိကန်မှာတော့ ထရမ့်သမ္မတဖြစ်လာပြီးတဲ့နောက် LGBT+ အရေး၊ သတင်းအချက်အလက် မှန်ကန်ကြောင်းစစ်တဲ့ အဖွဲ့တွေပိတ်မှု စတာတွေကြောင့် Meta ပိုင်တဲ့ Facebook, Instagram၊ Elon Musk ရဲ့ Twitter မဟုတ်တဲ့ ဆိုရှယ်မီဒီယာတွေ ရှာသုံးလာကြတယ်။ အများကြီးရှိတဲ့ထဲမှာမှ အမေရိကန်အခြေစိုက် လူနည်းစု သူဌေးတွေ တွေမပိုင်တာတွေကို အထိကထား ရှာလာကြတယ်။ အခုကျမှ စီးပွားဖြစ် အဖွဲ့အစည်း မဟုတ်တဲ့ w3c ကမကထ ပြုလုပ်ထားတဲ့ ActivityPud သုံး Fediverse software တွေကို လူတွေပို သတိထားမိလာကြတယ်။ ကိုယ်တွေ Fediverse ကို စသိတာက Reddit ကြောင့်။ တစ်နှစ်လောက်ပဲရှိသေးတယ်။ အပေါ်က ပြောခဲ့တာတွေက မြန်မာတွေနဲ့ တိုက်ရိုက်မတိုက်ဆိုင်ပေမယ့် Fediverse ကို ပြောင်းသုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အလုပ်လုပ်ပုံကြောင့်။ Fediverse ဆိုတဲ့ စာလုံးက federated universe ဆိုတဲ့အတိုင်း သူ့မှာ ဗဟိုစနစ်မရှိဘူး။ မတူညီတဲ့ ဆာဗာတွေက နောက်မှာ တူညီတဲ့ ဘာသာစကားပြောပြီး ချိတ်ဆက်ထားကြတာ။ မြင်သာအောင်ဆိုရရင် ...
Punch Punch Forever
Punch Punch Forever ကတော့ ဂျပန်နိုင်ငံထုတ် anime တော့မဟုတ်ပါဘူး။ Fan animation series တစ်ခုပါ။ ဒါဆို anime tag နဲ့တင်ရလဲဆိုတော့ သူ့ရဲ့ anime ကို parody ပုံစံမျိုးလုပ်ထားတဲ့ story ကြောင့်မလို့။ Pilot episode ရဲ့ description ထဲမှာ ဒီလိုရေးထားတယ်။ i found this vhs called “Punch Punch Forever” (パンチパンチフォーエバー) in my dads basement in a box labelled “DO NOT OPEN” but he only wrote that on the box because there was a big scary rat in there and the rat bit me when i went to grab the tape and now i’m blind in my left eye. finally got around to digitizing and uploading it though! ...