Katanagatari: NISIO ISIN ရဲ့လူပြောမများတဲ့ anime
Katanagatari (Sword Tale) ကတော့ NISIO ISIN ရဲ့လူပြော မများတဲ့ series တစ်ခုလို့ပြောလို့ရပါတယ်။ အကြောင်းတွေကတော့ အခုချိန်ထိ တရားဝင် streaming လုပ်လို့မရတာ၊ Blue Ray ပဲဝယ်ကြည့်ရတာတွေ့ကြောင့်လို့ပြောလို့ရပါတယ်။ The Garden of Sinners ထွက်ထွက်ချင်းလိုမျိုးပေါ့၊ ဒါပေမယ့် သူက ၂၀၁၆လောက်မှာ streaming ကြည့်လို့ရတာဆိုတော့ အခုလူအများကြားဖူးနေပါပြီ။ Katanagatari story အပိုင်းကတော့ Monogatari series နဲ့ ရင်းနှီးသူတွေသိတဲ့အတိုင်း စကားပြောအများကြီးနဲ့ပါ။ ဇာတ်အိမ်ကတော့ ထွေထွေထူးထူး မဟုတ်လှပါဘူး။ Shogun ကနေပြီးတော့ သူ့အကြံပေး ကောင်မလေးကို ခိုးယူခံလိုက်ရတဲ့ အစွမ်းထက် ဓါး ၁၂ချောင်းကိုပြန်ယူခိုင်းတာ။ အဲ့ခရီးနှင်ဖို့ မင်းသမီးက ကိုယ်ရံတော်အဖြစ် ဓါးသိုင်းကျွမ်းတဲ့ မင်းသားကိုရှာပြီး သူနဲ့အတူ ဓါးတွေကိုလိုက်ရှာတာပေါ့။ အပိုင်း ၁၂ပိုင်းပဲရှိပါတယ်။ Animation, Art style က တွေ့နေကျပုံစံမျိုးမဟုတ်တဲ့အတွက် ကြိုက်တဲ့လူလည်းရှိသလို မကြိုက်တဲ့လူတွေလည်းရှိပါတယ်။ MyAnimeList မှာ user 200,000နဲ့ 8+ score ရထားတာဆိုတော့ underrated လို့ပြောလို့ရသေးလား။ မြန်မာမှာတော့ ဒီကားအကြောင်း ပြောကျတာမတွေ့မိဘူး။