Punch Punch Forever ကတော့ ဂျပန်နိုင်ငံထုတ် anime တော့မဟုတ်ပါဘူး။ Fan animation series တစ်ခုပါ။ ဒါဆို anime tag နဲ့တင်ရလဲဆိုတော့ သူ့ရဲ့ anime ကို parody ပုံစံမျိုးလုပ်ထားတဲ့ story ကြောင့်မလို့။

Pilot episode ရဲ့ description ထဲမှာ ဒီလိုရေးထားတယ်။

i found this vhs called “Punch Punch Forever” (パンチパンチフォーエバー) in my dads basement in a box labelled “DO NOT OPEN” but he only wrote that on the box because there was a big scary rat in there and the rat bit me when i went to grab the tape and now i’m blind in my left eye. finally got around to digitizing and uploading it though!

OP က အဖေဖြစ်သူရဲ့ VHS တိပ်ခွေဟောင်းတွေထဲမှာ ဒီ anime ကို တွေ့မိတာပေါ့။ နောက်မှ digitize လုပ်ပြီး ပြန်တင်ထားတယ်ဆိုပြီး ရေးထားတယ်။ ဆိုချင်တာက lost media ပုံစံမျိုးသွားမှာပေါ့။

Animation နဲ့ art-style ပုံစံက ၉၀ ဝန်းကျင် စတိုင်၊ ၄:၃ အချိုးနဲ့။ နောက်ပြီးတော့ ဂျပန် စကားပြော။ Story line က မရိုးရအောင် တွေ့နေရတဲ့ anime ဇာတ်လမ်းသွား၊ Demon vs Human tournament။ အဲ့ထဲကိုမှ cartoon ဆန်ဆန် ရယ်စရာအခန်းတွေနဲ့ ဟာသတွေ ထပ်ထည့်ထားပေးတယ်။ Panty and Stocking ကြိုက်တဲ့ သူတွေဆိုရင် ကြိုက်လိမ့်မယ်။ အထိက ကတော့ ဟာသကားပေါ့။

A radio VHF showing corrupted character image

A tree is highlighted and the character is asking someone is hiding behind one of the trees.

A cartoonish post shouting CHAINSAW

တိပ်ခွေတွေကြည့်နေရတဲ့ feel ရအောင် တစ်ခါတစ်လေ interlacing lines တွေ တမင်ပေါ်ပေါ်လာတတ်တယ်။ ပြီးတော့ စလောင်း ကနေ rip ထားတဲ့ ပုံစံမျိုးကိုမှ စလောင်းက show ကလာတဲ့ကြော်ငြာတွေကိုလည်း ၉၀ အချိန်လို့ ခံစားရအောင် တကယ့် ၉၀ တုန်းက ကြော်ငြာတွေ ထည့်ထားပေးတယ်။ အဲ့အချိန်တွေတုန်းက Fan sub သမားတွေဆီက ခိုးယူပြီး ပြန်တင်နေတဲ့သူတွေကို subtitle ထဲမှာ ဆဲနေတာတွေပါ ပါတယ်။

A 90s advertisement with subtitle meaning someone reposted subtitles of PPF without fansubbers authorization.


Creator ကတော့ speedoru ပါ။ Series ကို You Tube မှာသွားကြည့်လို့ရတယ်။ အခုမှ အပိုင်း ၂ ပိုင်းပဲရှိသေးတယ်။

ဒီ post မြင်ပြီး ကြည့်မိခဲ့တာ။ ရယ်ရလို့ ပြန် share တာပါ။