Lemmy က c/anime မှာရှယ်ထားလို့တွေ့မိတဲ့ indie Japanese animation နောက်တစ်ခုပါ။ အပိုင်း ၁၂ ပိုင်းရှိပြီး တစ်ပိုင်းမှ ၃ မိနစ်လောက်ပဲရှည်တာမလို့ စုစုပေါင်းကြာချိန်က ပုံမှန် anime တစ်ပိုင်းလောက်ပဲ ကြာပါတယ်။ Website မှာဖော်ပြထားတာကတော့ ၂၀၂၂ လောက်ကထွက်ခဲ့တဲ့ ရုပ်ရှင်ကျောင်းသား Yohei Kameyama ရဲ့ တစ်ကိုယ်တော် 3d animation ဖြစ်တဲ့ Milky☆Highway ရဲ့အဆက်ပါ။
ဇာတ်လမ်းကတော့ Super human Chiharu နဲ့ သူငယ်ချင်း Makina တို့နှစ်ယောက် အာကာသဥပဒေချိုးဖောက်လို့ဖမ်းခံရပြီးနောက် အခြားဖမ်းခံရသူ ၄ ယောက်နဲ့အတူ အများအကျိုးဆောင်ရမယ့်ပြစ်ဒဏ်ချခံရတယ်။ အဲ့လိုနဲ့ ရထားသန့်ရှင်းရေးလုပ်နေရာကနေ ရုတ်တရက်ရထားထွက်သွားလို့ သူတို့ ၆ ယောက်ရထားပေါ်မှာ ဘယ်လို အကွဲအပြဲတွေလုပ်မှာလဲ ကြည့်ရမှာ။
မူရင်း ဂျပန်ဘာသာ အပါအဝင် နောက်ထပ်ဘာသာပေါင်း ၁၀ မျိုးနဲ့ dub လုပ်ထားပါတယ်။ Anime လောကမှာ နာမည်ရထားတဲ့ seiyuu တွေကလည်းပါဝင်ထားပါတယ်။ နာရီဝက် လောက်ပဲကြာပြီး YouTube မှာကြည့်လို့ရတာမလို့ indie animation စိတ်ဝင်စားရင် သွားကြည့်ပါလို့။
အရင်တစ်ခါက ပြောဖူးတဲ့ animation ဆိုတာကတော့ Punch Punch Forever ပါ။
- [[PUNCH PUNCH FOREVER]]
- ဒီ website ကနေသွားကြည့်ပါ။
