Katanagatari (Sword Tale) ကတော့ NISIO ISIN ရဲ့လူပြော မများတဲ့ series တစ်ခုလို့ပြောလို့ရပါတယ်။ အကြောင်းတွေက​တော့ အခုချိန်ထိ တရားဝင် streaming လုပ်လို့မရတာ၊ Blue Ray ပဲဝယ်ကြည့်ရတာတွေ့ကြောင့်လို့ပြောလို့ရပါတယ်။ The Garden of Sinners ထွက်ထွက်ချင်းလိုမျိုး​ပေါ့၊ ဒါ​ပေမယ့် သူက ၂၀၁၆​လောက်မှာ streaming ကြည့်လို့ရတာဆို​တော့ အခုလူအများကြားဖူးနေပါပြီ။

Katanagatari story အပိုင်းကတော့ Monogatari series နဲ့ ရင်းနှီးသူတွေသိတဲ့အတိုင်း စကားပြောအများကြီးနဲ့ပါ။ ဇာတ်အိမ်ကတော့ ထွေထွေထူးထူး မဟုတ်လှပါဘူး။ Shogun ကနေပြီးတော့ သူ့အကြံ​ပေး​ ကောင်မ​လေးကို ခိုးယူခံလိုက်ရတဲ့ အစွမ်းထက် ဓါး ၁၂​ချောင်းကိုပြန်ယူခိုင်းတာ​။ အဲ့ခရီးနှင်ဖို့ မင်းသမီးက ကိုယ်ရံ​တော်အဖြစ် ဓါးသိုင်းကျွမ်းတဲ့ မင်းသားကိုရှာပြီး သူနဲ့အတူ ဓါး​တွေကိုလိုက်ရှာတာ​ပေါ့။

အပိုင်း ၁၂ပိုင်းပဲရှိပါတယ်။ Animation, Art style က ​တွေ့​နေကျပုံစံမျိုးမဟုတ်တဲ့အတွက် ကြိုက်တဲ့လူလည်းရှိသလို မကြိုက်တဲ့လူ​တွေလည်းရှိပါတယ်။

MyAnimeList မှာ user 200,000နဲ့ 8+ score ရထားတာဆို​တော့ underrated လို့​ပြောလို့ရ​သေးလား။ မြန်မာမှာ​တော့ ဒီကားအ​ကြောင်း ​ပြောကျတာမ​တွေ့မိဘူး။